Thursday, October 31, 2013

"အလှုဖိတ်ကြားခြင်း"

မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ အလှုရှင်များရဲ့ စုပေါင်းလှုဒါန်းအားဖြင့် ပဲခူးတိုင်း၊ ဥဿမြို့သစ်၊ သဇ္ဇနာမပညာဇေယျုံပရဟိတ(ဘက)ကျောင်း၊ ပေ (၇၀ x ၂၀) စာသင်ကျောင်းဆောင်ကို Friday, 23 August 2013မှာ ဆောက်လုပ်ခဲ့ရာ အခုဆိုရင် လုံးဝ ပြီးစီးခဲ့ပြီဖြစ်ပါတယ်။


Before and After
 
မုဒိတာအဆောင် (၂)
3.11.2013၊ တနင်္ဂနွေနေ့မှာ အဆိုပါ စာသင်ကျောင်းအား ရေစက်ချ လှုဒါန်းတော့မှာ ဖြစ်ပါတယ်။ အစီအစဉ်အနေနဲ့ သံဃာတော်များ နှင့် ကျောင်းသူ၊ ကျောင်းသား ကလေးငယ်များအား နေ့ဆွမ်း၊ နေ့လည်စာ ကပ်လှုကြွေးမွေးပြီး ရေစက်ချ လှုဒါန်းမှာ ဖြစ်ပါတယ်။ရန်ကုန်ကနေ ပဲခူးအထိ အသွားအပြန် ကားစီစဉ်ပေးမှာ ဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ လိုက်ပါ ရေစက်ချလိုတဲ့ အလှုရှင်များ အနေနဲ့ .

၁။ကျော်စွာစိုးမြတ် - 094 2105 9872
၂။ကိုငြိမ်းနိုင် - 097 3123 091
၃။ဒေါ်အိအိစိုး 095 1524 63
၎။သမီးစံ၊အဘီး 094 2008 7435

အထက်ပါ ဖုံးနံပါတ်များသို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျား.

မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်။
မြန်မာမုဒိတာ လူငယ်များအဖွဲ့
30.10.2013

1 comment:

နွေတေးရှင် (မင်းဧရာ) said...

ဘယ်နေ့ ဘယ်ရက် ဘယ်ကန်း ကပ်မယ် မသိသော လှေကြီးကို လှော်ခတ်နေကြရတာ
မဟုတ်လား အသက်ရှူခွင့်လေးတွေ ရတုန်း တတ်နိုင်သလောက် ဆက်လက်ပြီး
အကျိုးပြု သွာနိုင်ကြပါစေဗျာ ။

Related Posts Plugin for WordPress, Blogger...